Pages

Friday, May 25, 2012

မြန်မာခေါင်းဆောင်တွေကိုလည်း ဂျပန်ခေါင်းဆောင်တွေရဲ့ စံအတိုင်း ကျင့်ကြံစေဖို့သင့်ပါတယ်။

(0n facebook)
မြန်မာပြည်မှာ မီးပျက်တာကို ဆန္ဒပြတဲ့အနေနဲ့ ဖယောင်းတိုင်ထွန်းပြီး လမ်းပေါ်တက်ကြတယ်၊ နဂိုကတည်းက နာမည်ကြီးနေတဲ့ ပိုလို့ရောင်းတဲ့ဝန်ကြီးရယ်၊ မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းခိုင်းတဲ့ အကြံပေးပုဂ္ဂိုလ်ရယ် နာမည်ပိုကြီးသွားကြတယ်။ ဂျပန်ပြည်သူတွေကို အတုယူခိုင်းတာ ကောင်းပါတယ်၊ သူတို့ခြိုးခြံချွေတာတာ၊ နိုင်ငံချစ်စိတ်ရှိတာ၊ တာဝန်သိစိတ်ရှိတာ၊ စည်းကမ်းလိုက်နာတာ စတဲ့အချက်တွေက ကျနော်တို့ အားကျစရာတွေပါ၊ သို့သော် ဂျပန်ခေါင်းဆောင်တွေရဲ့ တာဝန်ယူတတ်ခြင်း၊ ပြဿနာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ မိမိကိုယ်ကို နှိမ့်ချပြောဆိုတတ်ခြင်းတွေကိုတော့ ပြောမသွားပါဘူး။ မြန်မာပြည်သူတွေကို ဂျပန်ပြည်သူတွေရဲ့ စံအတိုင်း ကျင့်ကြံခိုင်းမယ်ဆိုရင် မြန်မာခေါင်းဆောင်တွေကိုလည်း ဂျပန်ခေါင်းဆောင်တွေရဲ့ စံအတိုင်း ကျင့်ကြံစေဖို့သင့်ပါတယ်။ အောက်ပုံနှစ်ပုံက နျူကိစ္စကြောင့် ပြည်သူတွေကိုတောင်းပန်နေတဲ့ ဂျပန်ခေါင်းဆောင်တွေပါ၊ တစ်ဦးက ဝန်ကြီးချုပ်၊ နောက်တစ်ဦးက လျှပ်စစ်ဓာတ်အားပေးတဲ့ ကုမ္ပဏီရဲ့ အကြီးအကဲ။ မြန်မာပြည်မှာ မီးပြဿနာနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တယောက်တလေကများ ပုံထဲကလို သေသေချာချာ တောင်းပန်ခဲ့ဖူးပါသလား၊ တာဝန်ယူခဲ့ဖူးပါသလား၊ ကျနော်မသိပါ။ TZA

No comments:

Post a Comment