
ရပ်ကွက်ထဲမှာ ကလေးရော လူကြီးပါ လူတိုင်း နားယဉ်နေပေမယ့် အမြဲကြားရတဲ့ အသံက " မီးလာပြီ ဟေးးးးး " ဆိုတဲ့ အသံပါ ပဲ။ မြန်မာနိုင်ငံမှာ ကလေးတယောက် စကားစတင် ပြောတတ်တာကလည်း "မီးလာပြီဟေးးး " ဆိုတာပါဘဲ။

အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ငိုတဲ့ ကလေးအတွက် မုန့်စားရသလိုပါပဲ။ မန္တလေးက ပထမဆုံး လျှပ်စစ်မီး ရရှိရေး ဆန္ဒပြခဲ့တာကြောင့် မီးစက်ကြီးတွေ အခုလို အားချင်း ရောက်လာခဲ့တာပါ။

အခုတော့ မန္တလေးက အော် သံ က ပြောင်းသွားပါပြီ မီးစက်ကြီးတွေ လာပြီဟေးးး တဲ့ ။
ဒါပေမယ် လူကြီးသူမတွေက ပြောနေပါတယ်။ ဒီဇယ်ဖိုး ရပ်ကွက်တွေထဲ လာကောက်လိမ့်မယ်တဲ့ - မှတ်သားစရာပါပဲ။


ဓာတ်ပုံ-Myeik Spy ဖေ့စ်ဘ
No comments:
Post a Comment