Pages

Wednesday, June 13, 2012

စစ်ကိုင်းရွှေလုပ်သားများ အများပိုင်ကုမ္ပဏီဖွဲ့ရန် သတ္တုတွင်း တိုက်တွန်း

Posted by in ပြည်တွင်းသတင်း(by;popularmyanma)

  ရန်ကုန်၊ ဇွန် ၁၁
အများပိုင် ကုမ္ပဏီများသာ စုဖွဲ့၍ ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေရှာ လုပ်သားများအား သတ္တုတွင်း ဝန်ကြီး ဌာနက တိုက်တွန်း ထားသည်။ သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးဝင်းထိန်က ”စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လည်း အခုကိစ္စအတွက် တိုက်တွန်း ထားပြီးပါပြီ”ဟု ပြောသည်။ ရွှေရှာခြင်းအား တစ်ပိုင်တစ်နိုင် လုပ်နေကြခြင်းကြောင့် မလိုလားအပ်သော သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်နေမှုများရှိနေသည် ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။ တစ်ဦးချင်း လုပ်ခြင်းထက် အများဖြင့် စုဖွဲ့ခြင်းဖြင့် ဝန်ကြီးဌာနမှ ၄င်းတို့အား လိုက်နာရမည့် အချက်များ ညွှန်ကြားမှု ပြုရာတွင် ပိုမို ထိရောက်စေလိုသည့် အတွက်ကြောင့် ထိုကဲ့သို့ အများပိုင် ကုမ္ပဏီဖွဲ့ခိုင်းခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။ ”အခု ကြားနေရသလောက် ဆိုရင် ဖွဲ့နေကြပြီလို့တောင် ကြား နေရပြီ” ဟု ညွှန်ကြားရေးမှူးချုပ် က ဆက်လက်ပြောသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၏ထုတ်ပြန်မှုအရ နိုင်ငံတော်သို့ ရွှေကုမ္ပဏီအချို့မှ ရွှေများအား သတ် မှတ်ချိန်အတွင်း မပေးသွင်းသဖြင့် ပေးသွင်းခြင်းပြုရန် သတ္တုတွင်းဝန်ကြီး ဌာနမှ မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်ခဲ့သည်။
မင်းသုအောင်

No comments:

Post a Comment